Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး


19 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၌ ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာမျိုးများဖြစ်သည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် မျိုးများ စမ်းသပ်စိုက်ပျိုးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေမှ မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကဏ္ဍတစ်ရပ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းသား တောင်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုးစေရေးအတွက် လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ စိုက်ပျိုးမြေအမျိုးအစား၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်များ ရရှိပြီဖြစ်၍ ပန်းတိုင် အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု၊ မြေ အမျိုး အစားပေါ်မူတည်ပြီး မည်သည့်မျိုးက မြန်မာနိုင်ငံ ရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည် ကိုသိရှိရန်လိုအပ်ကြောင်း၊  ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျမှတ်တမ်း တင်ထားရှိရန် လိုအပ်ကြောင်း၊ လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန တို့နှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ချိန် စိုက်ပျိုးရေရရှိရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဆောင်းဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm