Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


19 Dec,2023

ရန်ကုန်တိုင်းဒေသကြီး     ခရမ်းမြို့နယ်       ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာများ၌   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးနေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဒေါ်ထားထားနိုင် နှင့် အဖွဲ့သည်    ဒီဇင်ဘာ  ၁၄ ရက်  နံနက် ၁၀ နာရီက    ရေကျော်ကျေးရွာအုပ်စု   ဝင်းဖလိန်းကျေးရွာ၌      နိုင်ငံတော် ထောက်ပံ့ ရန်ပုံငွေ ကျပ် (၅ ဒသမ ၆၄ သိန်း)ဖြင့်    ကုန်ထုတ်တံတား   Win Wall  တစ်ဖက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊  ကံကောင်း၊ ညောင်လန်း၊ ရေကျော်ကျေးရွာတို့၌    ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊  ပြည်သူထည့်ဝင်ငွေများဖြင့်  ပူးပေါင်းဆောင်ရွက်သည့်  ကျေးရွာ တွင်း  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု၊   ပျဉ်းမကုန်းကျေးရွာတွင်   ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၅၃ ဒသမ ၃၄၀)သိန်းဖြင့်   မြတ်ကောင်းကင်ကုမ္ပဏီက   ဆောင်ရွက်သည့်  စက်ရေတွင်း၊  တွင်းနက်၊     အုတ်ရေကန်၊    ရေစက်ရုံတည်ဆောက်နေမှု၊   တိုင်းဒေသကြီးရန်ပုံငွေ ကျပ်   (၁၃၃ ဒသမ ၉၆)    သိန်း ဖြင့်    ရွှေရည်သန့်ကုမ္ပဏီကဆောင်ရွက်သည့်      ကံကုန်းကျေးရွာတွင်     ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

          ဆောင်ရွက်ပြီးစီးခဲ့သော     လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်      တာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီ၊ ရေရရှိရေးကော်မတီ၊ ရပ်မိရပ်ဖများက  ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မြို့နယ်ဦးစီးမှူးကမှာကြားခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm