Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်တွင် မိုးစပါးရိတ်သိမ်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး


18 Dec,2023

ထားဝယ် ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးစပါး စိုက်ပျိုးရေး(မြစိမ်းရောင်)စီမံကိန်းအား သမဝါယမကဏ္ဍမှ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အခြေခံသမဝါယမအသင်း ၆ သင်းမှ စိုက်ဧက ၅၇၈ တွင် ဧကရာဇ်/ပေါ်ဆန်းယဉ်စပါး မျိုးအား စိုက်ပျိုးခဲ့သည်။

ယခုစပါးရိတ်သိမ်းရာသီတွင် ဘုမ္မော်ရပ်ကွက်၊ ရွှေဂျိုးဖြူ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမသင်းမှ အသင်းသားတောင်သူ ဦးဝင်းနိုင်၏ ကျောက်မော် ကွင်းအမှတ်ရှိ စိုက်ဧက ၁၁၁ ဧက တွင် စပါးများရိတ်သိမ်းဆောင်ရွက်နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်း များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ယခင်နှစ်တွင် တစ်ဧက ၆၅ တင်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ဧကတင်း ၇၀ အထိ အထွက်နှုန်းတိုးတက်ပြီး ထွက်ရှိခဲ့ကြောင်း လာမည့်မိုးစပါးရာသီတွင် အထွက်တိုး GW-11 မိုးစပါးမျိုး စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်