Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း သမဝါယမလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားကုန်ထုတ်လုပ်များ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


17 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် သမဝါယမလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားကုန်ထုတ် လုပ်များ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)သို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း၌ ပထမနှစ်၊ ဒုတိယနှစ်၊ ကျောင်းသားကျောင်းသူများ တက်ရောက်မှု အခြေအနေများ၊ သင်ကြားပို့ချနေမှု နည်းစနစ်များ၊ သင်တန်းကာလ ၂ နှစ်ပြီးဆုံးသည့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ရရှိရေး Job Fair ပြုလုပ်ပေးမည့် အစီအစဉ်များ၊ ကျောင်းသားကျောင်းသူများအတွက် စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်၊ စားသောက်ရေးစီစဉ်ပေးထားမှုများနှင့် သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအတွက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာအရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြား လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးအတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်းကာလ ၂ နှစ်ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည် အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ကျောင်းသားကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း မှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နောက် ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းမှ အစုအဖွဲ့စနစ်ဖြင့် အသင်းသားဦးရေ(၁၅)ဦးမှ မွေးမြူထားသော အသားတိုးနွားခြံလှောင်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများအနေဖြင့် နိုင်ငံတော်မှ အရင်းအနှီးများ မတည်ပေးပြီးဖြစ်၍ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန်၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း ချေးငွေများ အပြေအကြေပေးဆပ်ရန်လိုအပ်ကြောင်း၊ စီမံကိန်းမှ ရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန်၊ ခြံလှောင်မွေးမြူခြင်းမှ  ရရှိသည့် နွားချေး များအား သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုရန်၊ လိုအပ်ကြောင်းနှင့် လက်ရှိဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်း အောင်မြင်စေရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် စိုက်ပျိုးနည်းစနစ်များ ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ “ရွှေရှမ်းဖြူ”စားသောက်ကုန်လုပ်ငန်းသို့ ရောက်ရှိပြီး  ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်၊ အားလူကြော် ထုတ်လုပ်နေမှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးရာ “ရွှေရှမ်းဖြူ”စားသောက်ကုန် လုပ်ငန်း တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း၌ တင်ပို့မှု အခြေအနေများ၊ အကျိုးအမြတ်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန်များအား ဘေးကင်းလုံခြုံရေး သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။ အဆိုပါ စားသောက်ကုန် လုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ဒေသနေ ပြည်သူများ၏ ထွက်ကုန်များအား စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းအဖြစ် တင်သွင်းနိုင်ခြင်း၊ စက်ရုံမှထွက်ရှိလာသော စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm