မြို့သစ် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်နိုင်ဦးနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာတာဝန်ရှိသူများနှင့်အတူ ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း အရှည် ၆ ဒသမ ၁၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်နိုင်ဦးက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာကို ကွန်ကရစ်လမ်းကို ဌာနမှသတ်မှတ်ထားသော စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၂၀၃ ဒသမ ၇၉၁ သန်းဖြင့် ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ဇူလိုင် ၃ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပေပင်ရိုးကျေးရွာ၊ ပုဂံမျှော်ကျေးရွာနှင့် ဆည်ရွာကျေးရွာတို့ရှိ အိမ်ခြေ ၄၄၂ အိမ်ရှိ လူ ၂၁၉၇ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးကိစ္စများကို ရာသီမရွေး လွယ်ကူစွာသွားလာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်