Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ် စာဖြူစုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


14 Dec,2023

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးနေဝင်းသည်၊ တွံတေးမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးလိုက်ပါလျှက် ပြသတိုက်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၌ ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား  ဒီဇင်ဘာလ(၁၂)ရက်နေ့၊ ညနေ(၃)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။   စီမံကိန်းတာဝန်ခံ  ဒု-ဦးစီးမှူး  ဦးနိုင်လင်းကလုပ်ငန်း ဆောင်ရွက်နေမှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ဦးစီးမှူးက ကျေးရွာလမ်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများအား လမ်းကို အကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်တည်တံရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန်  မှာကြား ခဲ့ကြောင်းသိရှိရသည်။ လမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၅၀)၊  ပြည်သူထည့်ဝင်ငွေ (ကျပ်၁၆၆၀၀၀၀)၊ စုစုပေါင်း (၁၆၆၆၀၀၀၀) ကျပ်ဖြင့် ဆောင်ရွက် နေခြင်း  ဖြစ်ကြောင်းသိရှိရသည်။ လမ်းသည်အရှည်ပေ (၇၅၀)၊ အကျယ်ကိုးပေ၊ ဒု-ခြောက်လက်မ ရှိကာ ပြီးစီးသွားပါက ကျေးရွာရှိအိမ်ခြေ(၁၀၀)အိမ် ၊ လူဦးရေ(၃၀၀) နှင့်ကျေးရွာ စာသင် ကျောင်း လမ်းဖြစ်သဖြင့် ကျောင်းသူ/ကျောင်းသားများ ရာသီမရွေးအဆင်ပြေစွာ သွားလာ နိုင်မည်ဖြစ်သော ကြောင့် ကျေးရွာလမ်းကော်မတီ၊ ကျေးရွာသူကျေးရွာသားများ ကျေနပ် ဝမ်းသာ နေကြကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်