Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ် တောင်ချောင်နှစ်ရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


14 Dec,2023

ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင် ကော့မှူးမြို့နယ်တောင်ချောင်ကျေးရွာ၌ ကွန်ကရစ် လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဒီဇင်ဘာ၁၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် တွံ့တေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့် တောင်ချောင်ကျေးရွာ၌  ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး ခရိုင်ဦးစီးမှူး ဦးနေဝင်းက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ‌ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် များကို မှာကြားသည်။

ကော့မှူးမြို့နယ် တောင်ချောင်ကျေးရွာ၌ လမ်းအရှည် ပေ ၈၇၀ ၊ အကျယ်ရှစ်ပေ ၊ အမြင့် ခြောက် လက်မ ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ် (၁၅)သန်း ၊ပြည်သူထည့်ဝင်ငွေ ကျပ်(၁.၆) သန်း၊ စုစုပေါင်းငွေကျပ် (၁၆.၆) သန်း ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူ/သားများကိုယ် တိုင်  ယခုနှစ် နိုဝင်ဘာ ၅ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက ဒေသခံပြည်သူများ လူမှု စီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm