တာချီလိတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ နားယောင်းကျေးရွာအုပ်စု တာကြန့်စံပြကျေးရွာရှိ တာကြန့်လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသား များသို့ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီး ဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမ အသင်းစု အုပ်ချုပ်မှုဒါရိုက်တာတို့က ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုဘတ်ဂျက်ငွေလုံးငွေရင်းရန်ပုံငွေမှ အသင်းသား ၃၀ ဦးသို့ စိုက်ပျိုးရေးသွင်းအားစုများ တန်ဖိုးငွေကျပ် ၅၅၃၅၅၈၀ ကို ဒုတိယအကြိမ် ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်