မကွေး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ဆူးပြစ်စမ်းကျေးရွာ၊ သက်ရင်းတောကျေးရွာ၊ လယ်ယား(မြောက်) ကျေးရွာ၊ ပုန်းတပ်ကျေးရွာနှင့် ပန်းညိုစမ်းကျေးရွာတို့၌ တစ်ရွာလျှင် VDP စီမံကိန်းထောက်ပံ့ငွေ ကျပ် ၁၅ သန်းစီနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို မကွေးခရိုင်နှင့် မကွေးမြို့နယ်ရှိ အင်ဂျင်နီယာဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် စက်တင်ဘာ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် အဆိုပါကျေးရွာ ၅ ရွာရှိ အိမ်ခြေ ၁၂၈၇ အိမ် နှင့် လူ ၅၇၅၂ ဦး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွက်ရာ၌ လမ်းပန်ဆက်သွယ်ရေး အဆင်ပြေလွယ်ကူလျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များရေးဆွဲရန်၊ ကျေးရွာသူကျေးရွာသားများ၏ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်