Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း စစ်ဆေး


12 Dec,2023

နတ်မောက် ဒီဇင်ဘာ ၁၁

            မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေး- နတ်မောက် ကားလမ်းမကြီးမှ ပိတောက်ငုတ်-သမုန်းပင်ကျေးရွာချင်းဆက် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းနှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းစိုး၊ နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ခံအင်ဂျင်နီယာများက ပိတောက်ငုတ်-သမုန်းပင်ကျေးရွာချင်းဆက် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုးက လိုအပ်သည်များမှာကြားသည်။

          မကွေး-နတ်မောက်ကားလမ်းမကြီးမှ ပိတောက်ငုတ်-သမုန်းပင်ကျေးရွာချင်းဆက်လမ်း အရှည် နှစ်မိုင် သုံးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၄၁၅ သန်းဖြင့် မိုးမခသဇင်ကုမ္ပဏီက ဩဂုတ်လ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၃ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျော်ဦး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm