Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထရဝပ်မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းက မွေးမြူသည့် နို့စားနွားများအတွက် ဖြည့်စွက်အစာများ ထောက်ပံ့


12 Dec,2023

 ပူတာအို ဒီဇင်ဘာ ၁၂

          ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ ထရဝပ်မွေးမြူရေးနှင့်အထွေထွေသမဝါယမ အသင်း၌ နို့စားနွား ၁၅ ကောင် မွေးမြူထားရှိသည်။ အဆိုပါနို့စားနွားများအတွက် နေဗီယာမြက် ၂ ဧက စိုက်ပျိုးထားရှိပြီး ပြည်နယ်ဝန်ကြီးချုပ်၏ခရီးစဉ်လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်နယ်သမဝါယမ ဦးစီးဌာန၏စီစဉ်ဆောင်ရွက်မှုဖြင့် ပဲဖတ် ၁၀၀ ပိဿာနှင့် ဆန်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း၏ဆန်စက်မှ ထောက်ပံ့သော ဖွဲနုနှင့် ဆန်ကွဲငါးအိတ်၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ တို့က နို့စားနွားခြံသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm