မိုးကောင်း ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ပင်းဘောကျေးရွာ၊ ရေတွင်းကုန်းအုပ်စုရှိ ဆန်းသစ်လယ်ယာနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူ ဒေါ်ဖြူဖြူဝင်းပိုင် လယ်ဧက ၁၁ ဧကတွင် GW-11 စပါးမျိုးနှစ်ဧက စံကွက်ရိတ်သိမ်းမှုအခြေအနေကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ GW-11 စပါးခင်းများအား စံကွက်ရိတ်သိမ်းမှုများကို ကောင်း၊ သင့်၊ ညံ့ စံကွက်ခွဲ၍ ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ပျှမ်းမျှစပါးတင်း ၁၂၅ တင်းမှ ၁၃၀ ကြား ထွက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်