သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲအခမ်း အနားကို(၁၂-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၁၅)နာရီအချိန်တွင် ရုံးအမှတ်(၃၆-ဘီ)၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ ( ၃၆ )ဦးတက်ရောက်ကြပြီး၊ သင်တန်းတွင် စီမံကိန်းနှင့်ရှေ့လုပ်ငန်းစဉ်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းမူဝါဒရေးရာ ဆွေးနွေးခြင်းများ၊ Mobile Financial Payment စနစ်ဆောင်ရွက်မှုအခြေအနေ၊ ငွေစာရင်း ပုံစံရေးသွင်းခြင်းများ၊ Exit Strategy၊ MISစနစ် လက်တွေ့အသုံးပြုမှုများနှင့် အစုအဖွဲ့ဆွေးနွေး ခြင်းများစသည့်သင်ခန်းစာများကို(၁၂-၁၀-၂၀၂၃)ရက်နေ့မှ(၁၅-၁၀-၂၀၂၃)ရက်နေ့ထိ( ၄ )ရက် ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်