မြို့သစ် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့သစ်မြို့နယ်အတွင်းရှိ သန်းကုန်းကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေးနှင့် မြို့သစ်မြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် တင်ဒါရကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ သန်းကုန်းကျေးရွာကုန်ထုတ်လမ်းအရှည် နှစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ ၉ လက်မ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်ရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၀၃ ဒသမ ၅၆ သန်းဖြင့် သန်းကုန်းကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ရွှေပန္နက် ကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ်ဇွန်လ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၉၈ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကုန်ထုတ်လမ်းအား အားထားအသုံးပြုနေသော သန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ယာစိုက်ပျိုးရေးဧက ၃၈၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်