Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


12 Dec,2023

ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၄ရက် မွန်းလွဲ ၂နာရီတွင် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း တာဝန်ယူဆောင်ရွက်နေသော (၂/၀ မိုင် x ၁၂ ပေ x ၀.၉ပေ) ကုန်ထုတ်ဂဝံလမ်း၊ (၁၂ပေ x ၁၄ ပေ) တံတားနှစ်စင်း၊ (၆ပေ x ၂၀ပေ) Box Culvert (၅)စင်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့်အဖွဲ့သည်အဆိုပါလုပ်ငန်းများကို အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်သွားရန်နှင့် အချိန်မီပြီးစီးရေးဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပြီး ကျေားရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်များနှင့် လိုအပ်သော ပေါင်းစပ်မှုများ ညှိနှိုင်းမှာကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm