ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်နှင့်တာဝန်ရှိသူများ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ခံအင်ဂျင်နီယာများသည် ဒီဇင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့်အဖွဲ့သည် ပါဒကြီးကျေးရွာကုန်ထုတ်မြေသားလမ်းခင်းခြင်း (၁/၁.၉မိုင် x၁၅ ပေ x ၂ပေ) အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်း၊ ပီလခတ်ကျေးရွာ မြေသားရေကန် ကွန်ကရစ်တိုင်ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပီလခတ်ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းစာရင်းဇယားများကို စစ်ဆေးခြင်း၊ အရောင်းအဝယ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ကန်ပြောင်ခေတ်မီစံပြကျေးရွာတွင် အများပြည်သူသုံးခန်းမ လမ်းကွန်ကရစ်ခင်းခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် အိမ်သွယ်ရေတိုင်ဆောင်ရွက်နေခြင်းများကိုလည်း ကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်များနှင့် တွေ့ဆုံ၍လိုအပ်သော ပေါင်းစပ်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်