ပြင်ဦးလွင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်တို့ ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများသို့ သွားရောက်၍ သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှူစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကုန်ပဒေသာအရောင်းဆိုင်များ၌ ကုန်ပစ္စည်းများ အမျိုးအစုံ တင်ပေးရန်၊ သွင်းအားစုအရောင်းဆိုင်များ၌ အသင်းသားများစိုက်ပျိုးရာတွင် လိုအပ်သည့်ဆေး၊ သဘာဝမြေသြဇာနှင့် ကွန်ပေါင်းဓါတ်မြေသြဇာများ တင်ထားပေးရန်၊ ရွှေရှုခင်း (ငွေစုငွေချေး) သမဝါယမအသင်းတွင် အသင်းသား/သူများ၏ ပဲစိမ်းကြော်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ခိုင်သဇင်(လယ်/ထွေ) သမဝါယမအသင်း မိုးစပါးစိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းခဲ့ပြီး မိုးစပါးနှင့်ပတ်သက်၍ စံချိန် စံနှုန်းများ ပြည့်မီစေရေးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်