Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လက်ပံပျားကျေးရွာ ဒေသထွက်သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း ကြည့်ရှုအားပေး


10 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသော မိမိဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ယုံကြည်ချက်၊ ခံယူချက် ကောင်းမွန်သော ဝန်ထမ်းများဖြစ်အောင် ကျင့်ကြံနေထိုင်၍ မိမိဘဝတိုးတက်ရေးအတွက် အစဉ်အမြဲကြိုစားအားထုတ်ရန်၊ တာဝန်ရှိသူအဆင့်ဆင့်က ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စရပ် များကို အလေးထားဆောင်ရွက်ပေးရန်၊ ဦးစီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာ ထား ဆောင်ရွက်ပေးကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် မိမိဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) စီမံကိန်းဖြင့် ဝါးလက်မှု ထည်များထုတ်လုပ်နေသည့် ရွာလု လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား အသင်းသူများနှင့်တွေ့ဆုံကာ အဆင့်မြင့် ဝါးလက်မှုထည်များ ထုတ်လုပ်နိုင်ရေး အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းများပို့ချပေးရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးကြရန်   စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး အသင်းသားအသင်းသူများ ရက်လုပ်ထားသော ဝါးလက်မှုထည်များအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးနေသော ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ သင်တန်းပြီးဆုံးပါက ထောက်ပံ့ပေးမည့် လုပ်ငန်းသုံးပစ္စည်းများကို အသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ အောင်မြင်အောင် စုပေါင်း ထုတ်လုပ်ရောင်းချနိုင်ရေး တိုက်တွန်းမှာကြားခဲ့သည်။

၎င်းနောက် သင်တန်းသားသင်တန်းသူများ လက်တွေ့ထုတ်လုပ်ထားသော တန်းဖိုးမြှင့် ထုတ်ကုန်များကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်း ၂ မိုင် ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ ကျန်ရှိနေသည့် ကုန်ထုတ်လမ်းအရှည် (၁) မိုင်အား ဆက်လက်လျာထားဆောင်ရွက်ပေးရန် မှာကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် မိတ္ထီလာ-မြင်းခြံကားလမ်းမှ ရေချိုဘူတာ-ရွာသာရွာသို့ ဆက်သွယ်သောလမ်း အရှည် ၁ မိုင် ၁ ဖာလုံအနက် ၆ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး  ကျန်ရှိနေသည့်လမ်းအရှည် ၃ ဖာလုံအား လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးရန် ညှိနှိုင်းမှာကြားကာ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး Art Gallery ပြခန်းဆောင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လက်ရက်ကန်း (၆) လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ် သင်တန်း၊   တက်ရောက်နေသော သင်တန်းသူများနှင့် တွေ့ဆုံ၍ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ ပေါင်းကူးတက်ရောက်နိုင်ရေး ကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် သင်တန်းသားသင်တန်းသူများ၏ လက်ရက်ကန်း၊ စက်ရက်ကန်းများ လက်တွေ့ ရက်လုပ်နေမှုများကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားသင်တန်းသူ အိပ်ဆောင်များနှင့် စားရိပ်သာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စားရိပ်သာတွင် ရေးဆွဲ ထားသော Menu အတိုင်း စနစ်တကျ ချက်ပြုကျွေးမွေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm