Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ကြီးနီခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


08 Dec,2023

ချောက်    ဒီဇင်ဘာ     ၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသေးစား၊ အလတ်စားစီပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိပြီး အဆိုပါလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် RBF စီမံကိန်းကော်မတီဝင်များနှင့်အတူ ကြီးနီခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေများဖြင့်ဆောင်ရွက်သည့် ‌မိဘမေတ္တာအသက်မွေးဝမ်းကျောင်းအဖွဲ့နှင့် ကံ့ကော်အသက်မွေးဝမ်းကျောင်းအဖွဲ့တို့၏ နွားမွေး မြူရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးနီခေတ်မီစံပြကျေးရွာရှိ မိဘမေတ္တာအသက်မွေးဝမ်း ကျောင်းအဖွဲ့နှင့် ကံ့ကော်အသက်မွေးဝမ်း ကျောင်းအဖွဲ့တို့အား တစ်ဖွဲ့လျှင် RBF စီမံကိန်းရန်ပုံငွေကျပ် ၆ သန်းစီကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ချေးပေးထားကြောင်း၊ အဆိုပါစီမံကိန်းထောက်ပံ့ငွေနှင့် အဖွဲ့မှထည့်ဝင်ငွေများဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm