Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်ဆိုင်ရာသင်တန်း(တတိယအကြိမ်) ဆင်းပွဲအခမ်းအနား ကျင်းပ


21 Jun,2022

နေပြည်တော်၊ ဇွန် ၂၁

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင် ဒေသရှိ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်  စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်ဆိုင်ရာသင်တန်း(တတိယအကြိမ်) သင်တန်းဆင်းပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညှိနှိုင်းအစည်း အဝေးခန်းမ၌ Online စနစ်ဖြင့် ယနေ့နံနက် (၁၁:၃၀)နာရီတွင် ကျင်းပခဲ့ရာ သမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သင်ကြားပို့ချသည့်ဆရာ၊ ဆရာမများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က ယခုသင်တန်းတွင် လေ့လာခဲ့ရသည့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေပြီး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်ဆိုင်ရာသင်တန်း (တတိယ အကြိမ်) ကို Online မှ တစ်ဆင့် Zoom Application ဖြင့် (၂၅-၅-၂၀၂၂)မှ (၂၁-၆-၂၀၂၁) ရက်နေ့ ထိ သင်တန်းသား (၇၅)ဦးဖြင့် နံနက်(၉:၃၀) မှ နေ့လည်(၁၂:၂၀) ထိ ရက် (၂၀)ကြာ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm