နေပြည်တော်၊ ဒီဇင်ဘာ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finnish Refugee Council (FRC) အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ Finnish Refugee Council (FRC) အဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။
ထို့သို့တွေ့ဆုံစဉ် Finnish Refugee Council (FRC) အဖွဲ့မှ ပရိုဂရမ်ထောက်ပံ့ရေးမန်နေဂျာက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် MoU ရေးထိုးနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)က လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ညွှန်ကြားရေးမှူးများက MoU ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်