ကျိုက်လတ် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောင်ဗလ ကျေးရွာ၌ Trusty E-Commerceနှင့် ပူးပေါင်း၍ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွ ထုတ်ချေးခြင်းကို (၇-၁၂-၂၀၂၃)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျဇော်မျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဒစ်ဂျစ်တယ်ငွေကျေးဝင်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာဝင်ထုပ်ဝင်ပိုးများကို လျော့ချနိုင်စေရန် ရည်ရွယ်၍ Mobile ဖုန်းအသုံးပြုကာ Trusty Money ဖြင့်ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေများကို Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဒစ်ဂျစ်တယ်ငွေကြေးဝင်ဆောင်မှုလုပ်ငန်းများကို အသုံးပြုခြင်းဖြင့် ငွေကြေးမသမာမှုများကြောင့် ဆုံးရှုံးနိုင်မှု လျော့နည်း နိုင်စေခြင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ ဝင်ထုပ်ဝင်ပိုးများကို စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းလက်စွဲ စာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးအရင်းများ သတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ကိုင်သူ၊ မွေးမြူရေးလုပ်ကိုင်သူ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သည့် အသင်းသားအသင်းသူ ၁၂၉ဦးကို Mobile Financial Payment စနစ်ဖြင့် ငွေကျပ် ၃၄၇၅၀၀၀၀ကို အသင်းသားများထံ စနစ်တကျ ထုတ်ချေုးပေးခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်