Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်တွင်ကွန်ကရစ်လမ်း၊ တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


06 Dec,2023

ရန်ကုန်တိုင်းဒေသကြီး     ခရမ်းမြို့နယ်       ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    က လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီးပြည်သူများသွားလာရေးအဆင်ပြေစေရန်ကြူတော၊ ကမာချိုက် ကျေးရွာတို့တွင်   ရွာတွင်း ကွန်ကရစ်လမ်း၊   တံတားတည်ဆောက်ခြင်းလုပ်ငန်း     ဆောင်ရွက်လျက်ရှိ ပါသည်။

          လုပ်ငန်းခွင်သို့    မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့်ဝန်ထမ်းအဖွဲ့သည်    ဒီဇင်ဘာ ၁ရက် နံနက်၁၀နာရီက ကြူတောကျေးရွာ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၂၀၊ စုစုပေါင်းကျပ်သိန်း  ၁၇၀ဖြင့် (၈၇၀'×၈'×၆")  မြစိမ်းရောင်အတိုးရငွေကျပ်သိန်း ၁၄၀ဖြင့် (၅၇၅'×၁၀'×၆")  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကိုစစ်ဆေးပြီး    လမ်းကော်မတီဝင်များ၊    ရပ်မိရပ်ဖများအား    လမ်းကို အကျိုးရှိစွာအသုံးပြုရန်နှင့်    ရေရှည်တည်တံ့စေရေး    ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြား ခဲ့သည်။

          ထို့ပြင် ကမာချိုက်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ ၁၇၆ဒသမ၅သိန်း၊   ပြည်သူထည့်ဝင်ငွေ ၂၉ဒသမ၅သိန်း  စုစုပေါင်းကျပ်၂၀၆သိန်းဖြင့် (၂၀'×၁၂'×၇')    ရွာတွင်းအုတ်ခုံခံကွန်ကရစ်တံတားတည် ဆောက်နေမှုကိုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးစေရေး  တာဝန်ရှိသူများကို မှာကြားခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm