Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်း‌ဒေသကြီး ညောင်လေးပင်မြို့နယ် ဆင်ကူးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံ၊ပန်းတော့ သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း


05 Dec,2023

 သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနသည် ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆည်းနိုင်စေရန် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

           ထိုသို့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ‌ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ပန်းရံ၊ ပန်းတော့ သင်တန်းဖွင့်ပွဲကို (၁.၁၂.၂၀၂၃)ရက်နေ့ နေ့လည်(၂:၀၀)က ချောင်းရင်းကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

           ရှေးဦးစွာ ညောင်လေးပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးအောင်ကြီး မှ အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ဦးစီးမှူးမှ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို စနစ်တကျလေ့လာသင်ယူစေလိုကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာမှ သင်တန်းတွင်ပို့ချရမည့် ပန်းရံ+ပန်းတော့ပြုလုပ်နည်းအမျိုးမျိုး တို့ကို ရှင်းလင်းတင်ပြသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညောင်လေးပင်မြို့နယ် ချောင်းကျိုးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာ၊သဲကျောကျေးရွာ၊ကဒါးကျေးရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်ပြီး သင်တန်း တွင် ကျွမ်းကျင်သင်တန်းဆရာ(၁)ဦးမှ ပန်းရံ+ပန်းတော့ ပြုလုပ်နည်း အမျိုးမျိုးတို့ကို(၁.၁၂.၂၀၂၃) ရက်မှ(၂၀.၁၂.၂၀၂၃)ရက်နေ့အထိ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm