Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၅၇ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး


21 Jun,2022

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၅၇ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး

21 June 22

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူ များ၏ လူမှုစီပွားဘဝများဖွံ့ဖြိုးတိုတက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၂၅၇ရွာတွင် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း၊ ရေပေးရေး လုပ်ငန်း၊မီးလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

          ကျေးရွာ ၂၅၇ရွာမှ  ကျေးရွာ ၅၀ရွာကို ပြည်ထောင်စုရန်ပုံငွေ+ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၇၇၄ ဒဿမ ၉၀၂၁သန်းဖြင့် မြေ+ကျောက်ရောမြေနီလမ်း ၃၉လမ်း၊ကျောက်ရောမြေနီလမ်း ၁၀လမ်း၊ မြေသားလမ်း ၁လမ်း တို့အားလည်းကောင်း၊ ကျေးရွာ ၁၄၈ရွာကို ပြည်ထောင်စုရန်ပုံငွေ+ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၁၃၅ ဒဿမ ၃၆၆၉သန်းဖြင့် တွင်းတိမ် ၂၀တွင်း၊ တွင်းနက် ၉၁တွင်း၊ လက်တူးတွင်း ၃တွင်း၊ မြေသားရေကန် ၁၇ကန်၊အခြားလုပ်ငန်း ၂၇ခုတို့အား လည်းကောင်း၊ ကျေးရွာ ၅၉ရွာကို တိုင်းဒေသကြီးရန်ပုံငွေ+ ပြည်သူထည့်ဝင်ငွေကျပ် ၂၈၂၃ ဒဿမ ၃၀၆သန်းဖြင့် တစ်အိမ်သုံးဆိုလာ ၆၀W ၄၁၀၁စုံ၊ တစ်အိမ်သုံးဆိုလာ ၁၀၀W ၁၀၀၇စုံတို့အား ဇွန်လ ဒုတိယအပတ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လယ်ယာထွက်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ခြင်း၊ ကျေးရွာနေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိခြင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များအပြင် ကျေးရွာစာသင်ကျောင်းများ၊ ကျေးရွာဘာသာရေးကျောင်းများနှင့် ကျေးရွာရှိလမ်းမီးတိုင်များတွင် လျှပ်စစ်မီးရရှိရုံး သာမက တစ်နိုင်တစ်ပိုင်စီးပွားလုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း အဆိုပါဦးစီးဌာန ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm