Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်


06 Dec,2023

နေပြည်တော်၊ ဒီဇင်ဘာ ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)အနေဖြင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း(၇)အနက် “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး စီမံကိန်းလုပ်ငန်း”ဖြင့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား (၇)ဦးအား ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာပေးခြင်းကို အခြေခံနှင့်မွမ်းမံ သင်တန်းများဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းသားများထဲမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော လုပ်ငန်းထူထောင်လုပ်ကိုင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား လုပ်ငန်းထူထောင်ပေးနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကျည်တောင်ကန် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ပါသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်ဒေသအလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့်မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးစသည့် ရည်ရွယ်ချက်များနှင့်အညီ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေသော ဌာနတစ်ခုဖြစ်ကြောင်း၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများပေါ်ထွန်းလာကာ မိသားစုဝင်ငွေတိုးပွားလာခြင်း၊ အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးကို ဆုများချီးမြှင့်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm