ပဲခူး ဒီဇင်ဘာ ၆
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် တွင် ဆင်းသုခမျိုးစပါးများစိုက်ပျိုးခဲ့ရာ ယခုစပါးရိတ်သိမ်းချိန်တွင် ကိုင်းတောစု(၁)စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်၏ စိုက်ဧက ၂၀၉ ဧကနှင့် ဆင်မင်းစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းလီမိတက်၏ စိုက်ဧက ၁၇၂ ဧကတို့မှ တစ်ဧကလျှင် စပါးတင်း ၈၀ နှုန်း၊ ရွှေဧရာမျိုးစပါးစိုက်ပျိုးထားသည့် ကိုင်းတောစု(၅)စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက် ၏ စိုက်ဧက ၄၃ ဧကမှ တစ်ဧကလျှင် စပါး ၇၅ တင်းနှုန်း၊ ရေကန်လယ်ယာနှင့်အထွေထွေ သမဝါယမအသင်းလီမိတက်၏ စိုက်ဧက ၇၆ ဧကမှ တစ်ဧကလျှင် စပါးတင်း ၈၀ နှုန်းဖြင့် အသီးသီး ထွက်ရှိခဲ့သည်။
ထို့ပြင် ရေတာရှည်မြို့နယ် ချောင်းခွစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်၏ စိုက်ဧက ၁၀ ဧကမှ ဗျော့ထွန်းမိုးစပါးကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်း ၈၀ နှုန်းထွက်ရှိခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်