ကျိုင်းတုံ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ယန်လောင်းစံပြကျေးရွာအုပ်စု လွယ်လုံစိုက်ပျိုးရေး နှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသားပိုင် လယ်ဧက ၆၀ တွင် နွေစပါးစိုက်ပျိုးနိုင်ရေး အတွက် နွေစပါးမှော်ဘီ-၃ စပါးမျိုး ပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးရန် လယ်မြေများပြုပြင်ထားရှိမှု အခြေအနေများကို ဒီဇင်ဘာ (၄) ရက်နေ့က ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါအသင်းတွင် အသင်းသား ၂၀ ဦးရှိပြီး လယ်မြေဧက ၆၀ အတွက် မြို့နယ်သမဝါယမ အသင်းစုမှ အသင်းအချင်းချင်းချိတ်ဆက်၍ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော စိုက်ပျိုး ရေးသွင်းအားစုများ ထောက်ပံ့ပေးထားကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်