Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာ၌ အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ


06 Dec,2023

မြိတ်  ဒီဇင်ဘာ ၆

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ၊မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝန်ဖို့ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် စက်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်တန်းဦးက အမှာစကားပြောကြားသည်။

          ဆက်လက်၍ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ဝန်ဖို့ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းက သင်ကြားပေးမည့် သင်တန်းခန်းစာများကို ကြိုးစားလေ့လာကာမိသားစုအတွက် အပိုဝင်ငွေများ တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်သည်ထိ သင်ကြားပေး စေလိုကြောင်း၊ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြက သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။

          အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းသို့  ဝန်ဖို့ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ ၁၀ ဦးတက်ရောက်ကြပြီး၊ သင်တန်းတွင် သင်တန်းနည်းပြများက  အဆင့်မြင့်စက်ချုပ်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို  စာတွေ့လက်တွေ့ဖြင့် ဒီဇင်ဘာ ၃ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ထိ အခမဲ့သင်ကြားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm