Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒလမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


06 Dec,2023

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်  ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်း ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း စံချိန်စံညွှန်းအတိုင်း ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်း ရှင်းရေးနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပါက ရေရှည်လမ်းအသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင် ရွက်ရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ဒလမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၅ သန်း ၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် ၃ ဒသမ ၂၆ သန်း စုစုပေါင်းငွေကျပ် ၁၈ ဒသမ ၂၆ သန်းဖြင့် ပိတောက်လမ်းအရှည် ပေ ၄၆၀ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ခြောက်လက်မနှင့် ခတ္တာလမ်းအရှည် ပေ ၂၀၀ ၊ အကျယ် ၁၀ ပေ ၊ အမြင့် ခြောက်လက်မရှိ လမ်းတို့အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများပြီးစီးပါက  ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာ ရေး ၊ ပညာရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm