Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ အောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ


05 Dec,2023

နေပြည်တော် ဒီဇင်ဘာလ ၅

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံ စေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီ ဆီစက်များလည်း လိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍လည်းကောင်း၊ ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ ခေါင်းဆောင်ဖြစ်သော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် တိုင်းဒေသကြီး စီစက်ချေးငွေလေ့လာ စောင့်ကြည့်ရေး ဖွဲ့ခေါင်းဆောင်ဖြစ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်မျိုးနိုင်သည် (၄-၁၂-၂၀၂၃)ရက်နေ့နံနက်ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် နေသည့် ဆီစက်လုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်းရှိ ရန်နိုင်ဆီစက်၊ စိန်စီဆီစက် နှင့် မြေပဲခွဲစက်လုပ်ငန်း၊ ကျော်သန်းဆီစက်များသို့ သွားရောက်ပြီး ဆီစက်လုပ်ငန်းများလည်ပတ် နေမှုနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများအား ဌာနဆိုင်ရာများနှင့်အတူ ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm