Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် လက်ပကန်ကျေးရွာကုန်ထုတ်လမ်း Plate Bearing ကွင်းဆင်းတိုင်းတာ


05 Dec,2023

စလင်း   ဒီဇင်ဘာ    ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ပကန်ကျေးရွာကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ လမ်း၏သိပ်သည်းမှု(Plate Bearing)တိုင်းတာခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတကျရေးဦးစီးဌာန ဦးစီးအရာရှိ(နညျးပညာ) ဒေါျစုစန်ဒာနှငျ့ အငျဂငြျနီယာဝနျထမျးမြားသညျ တောျဝငျထှနျး(ဆငျဖွူကြှနျး)ကုမ်ပဏီမှတာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၇ ဖာလုံ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ ၉ လက်မ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် မြေနီ‌ကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေးပြည့်မီ‌မှုရှိမရှိသိရှိနိုင်ရန်အတွက် လမ်း၏သိပ်သည်းမှု(Plate Bearing)တိုင်းတာခြင်းကို စနစ်တကျဆောင်ရွက်ပြီး ဦးစီးအရာရှိ(နည်းပညာ)က ကုမ္ပဏီတာဝန်ခံအား ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ကျေးရွာလမ်းကော်မတီထံသို့ စနစ်တကျလုပ်ငန်းလွှဲပြောင်းအပ်နှံရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁ ဒသမ ၃ သန်းဖြင့် လက်ပကန်ကျေးရွာကုန်ထုတ်လမ်းခင်းခွငျးနှငျ့ ဆကျစပျလုပျငနျးမြားကို တောျဝငျထှနျး(ဆငျဖွူကြှနျး)ကုမ်ပဏီက တာဝန်ယူ၍ ဇွန်လ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးဧက ၅၀၀ မှ ထွက်ရှိသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm