Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဆပ်ပြာပြုလုပ်နည်း)သင်တန်းဆင်းပွဲ ကျင်းပ


20 Jun,2022

ကွမ်းခြံကုန်းမြို့နယ်၌လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဆပ်ပြာပြုလုပ်နည်း)သင်တန်းဆင်းပွဲ ကျင်းပ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်လူသုံးကုန် ထုတ်လုပ်မှု နည်းပညာ(ဆပ်ပြာပြုလုပ်နည်း)သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၁၇ ရက်နံနက် ၁၀ နာရီက ဆူးကလပ်ကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပသည်။

          သင်တန်းဆင်းပွဲအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဆပ်ပြာပြုလုပ်နည်း) သင်တန်းဆင်းပွဲကျင်းပ ရခြင်းနှင့်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ကျေးလက်နေဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း သင်တန်းများစဉ်ဆက်မပြတ်အရှိန် အဟုန်မြှင့်ဖွင့်လှစ်သင်ကြား ပေးနေမှုတို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းထူးချွန်ဆုနှင့်သင်တန်း ဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။          အဆိုပါလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကိုကျေးရွာများမှသင်တန်းသား၊သင်တန်းသူ ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်၁၃ ရက်မှ ၁၇ရက်အထိ ငါးရက်ကြာ (ဆပ်ပြာပြုလုပ်နည်း)အား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းနှင့်ကျေးလက်နေပြည်သူ များအလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိ၍  လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm