Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

LMS Workshop ကျင်းပခြင်း


05 Dec,2023

(၄.၁၂.၂၀၂၃)ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ LMS Reviews Workshop ကို ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ ဌာနမှူးများ၊ Developer ဆရာဉီးထိန်လင်းအောင်နှင့် သက်ဆိုင်ရာ ဆရာ/ ဆရာမ များမှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ပါမောက္ခချုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာ တွင် တက္ကသိုလ်၏ LMS စနစ်ဖြင့် ယခုအခါ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်လျက်ရှိသော စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Business Administration) ၊ သမဝါယမပညာဌာနမှ ဖွင့်လှစ်သော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Public Administration)၊ စာရင်းအင်းပညာဌာနမှ ဖွင့်လှစ် လျက်ရှိသော အသုံးချသုတေသနပညာမဟာဘွဲ့ ( Master of Applied Research) ၊ ဝါဏိဇ္ဇဗေဒဌာနမှ ဖွင့်လှစ်သော Diploma in Accounting and Finance နှင့် တက္ကသိုလ်၏ HRD Programme များ ဖွင့်လှစ်ပို့ချလျက် ရှိကြောင်း၊ ယခုWorkshop အတွက် LMS စနစ်ကို အသုံးချလျက်ရှိသော ဆရာ/ဆရာမများ အနေ ဖြင့် မိမိတို့လိုအပ်ချက်များအလိုက် ဝိုင်းဝန်း ဆွေးနွေးကြပြီး System Upgrade ပြုလုပ်နိုင်ရေး ဆောင်ရွက် ကြရန်၊ လိုအပ်သည်များကိုအကြံပြုစေလိုကြောင်းနှင့် ယခုအစီအစဉ်ကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြသူများ အားလုံး ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ/ တွဲဖက်ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာ session users များမှ လက်ရှိ လိုအပ်ချက်များ၊ ထပ်မံအဆင့်မြှင့်တင်လိုသည်များကို Developer ဆရာဉီးထိန်လင်းအောင်မှ ပြန်လည် ရှင်းလင်းပြောကြား ခဲ့ပါသည်။ ၎င်းနောက်  ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ဆွေးနွေးခဲ့ကြပြီး အခမ်းအနား ကို နေ့လည် ၁၂:၀၀ နာရီတွင် ပြီးစီးခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm