Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် ဇွဲမာန်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်က နွားများ စနစ်တကျ မွေးမြူထားရှိ


05 Dec,2023

မြစ်ကြီးနား ဒီဇင်ဘာ ၅

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ရွှေအိုက်ရပ်ကွက်ရှိ ဇွဲမာန်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေရယူ၍ မွေးမြူရေးစီမံကိန်း (Pilot Project) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအသင်းတွင် အသင်းသား ၁၅ ဦးက ဒေသနွားအထီး ငါးကောင်နှင့် အမ ၂၄ ကောင် စုစုပေါင်းနွား ၂၉ ကောင်အား စနစ်တကျ မွေးမြူထားရှိသည်။ နွားစာအဖြစ် တီကူယမ်မြက် ၁ ဒဿမ ၅ ဧကအား စိုက်ပျိုးထားရှိပြီး နွားများကို ကောက်ရိုး၊ ပဲဖတ်၊ မြက်စို၊ တီကူယမ်မြက်နှင့် အစာခြောက် တို့အား ရော၍ တစ်ရက်လျှင် သုံးကြိမ်နှုန်းဖြင့် အစာကျွေးမွေးလျက်ရှိပြီး နွားများ၏ ကျန်းမာရေး ဆောင်ရွက်မှုအနေဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်