ရွာငံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးခင်မောင်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးတို့က ရန်ပုံငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ ဖတ်ကြားရှင်းလင်းခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကော်ဖီကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေသည့် မြို့နယ်သမဝါယမ အသင်းစုသို့ ငွေကျပ်သန်း ၁၀၀ ၊ ထမင်းပေါင်းလယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ ငွေကျပ်သန်း ၁၀၀ ၊ မြိုင်လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ ငွေကျပ်သန်း ၁၀၀ နှင့် စိုက်ပျိုးရေးအစုအဖွဲ့နှစ်ဖွဲ့သို့ ငွေကျပ်သန်း ၁၆၀ ၊ စုစုပေါင်းငွေကျပ်သန်း ၄၆၀ အား ပံ့ပိုးပေးအပ် ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်