ကန်ကြီးထောင့် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျွန်းလျားရှည်-ဒါးကဝလမ်း ခွဲကျောက်အမာခံခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ် ကျွန်းလျားရှည်-ဒါးကဝလမ်းသည် ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၄၄၂ အိမ်၊ လူဦးရေ ၂၈၇၄ ဦးကို အကျိုးပြုသော လမ်းဖြစ်ပြီး လမ်းအရှည် ၁/၀မိုင်၊ ၁၆'× ၆" ရှိသည်။ အဆိုပါလမ်းအား ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၄၈ ဒသမ ၀၃၅ သန်းဖြင့် စိန်ဝင်းဧရာကုမ္ပဏီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ လုပ်ငန်းဆာင်ရွက်မှုအခြေအနေကို ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက အမာခံလမ်းရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြာင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်