Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ကြီးဌာနအားကစားပြိုင်ပွဲများ အားပေးကြည့်ရှု ဆုများချီးမြှင့်


02 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဝန်ထမ်းများ စိတ်ပျော်ရွှင်စေရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ရည်ရွယ်လျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ လွန်ဆွဲ အားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ ဦးစီးဌာနအလိုက် ဘောလုံးပြိုင်ပွဲများကိုလည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲများကိုလည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကိုလည်းကောင်း၊ အသင်းလိုက် ထုပ်ဆီးထိုးပြိုင်ပွဲ များကိုလည်းကောင်း ကျင်းပ၍ လူရွေးပွဲများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အားကစားပြိုင်ပွဲနည်းအလိုက် နှစ်သိမ့်ဆုရအသင်းများအား ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဒွန်းကလည်းကောင်း၊ တတိယဆုရအသင်းများအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်သူရကလည်းကောင်း၊ ဒုတိယဆုရအသင်းများအား ဒုတိယဝန်ကြီး ဦးမြင့်စိုးက လည်းကောင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ပထမဆုရ သမဝါယမဦးစီးဌာနအသင်း၊ အမျိုးသားဘောလုံး ပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသားဘော်လီဘော ပြိုင်ပွဲ ပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်း၊ ဖူဆယ်ပြိုင်ပွဲ ပထမဆုရ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်း၊ ထုပ်ဆီးထိုးပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်