Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့၌ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


13 May,2022

ပြင်ဦးလွင်မြို့၌ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြင်ဦးလွင်  မေ  ၁၂

ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးနှင့် အရည်အသွေးကောင်းမွန် သည့် ဈေးကွက်ဝင်ကော်ဖီအမျိုးအစားများရရှိနိုင်ရေး၊ ကော်ဖီစိုက်တောင်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ အသင်း အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မှုအလေ့အထများ အားကောင်းလာစေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်းပညာသင်တန်းများနှင့် လိုအပ်သော စက်ကိရိယာများ၊ နည်းပညာများ၊ အသင်းအဖွဲ့များဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သော သွင်းအားစုများကူညီပေးနိုင် ရေး ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနတို့ဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီသူတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်က ကော်ဖီစတင်စိုက်ပျိုးမည့်ကဏ္ဍနှင့် ကော်ဖီပင်ရှိပြီး ထုတ်လုပ်မှုပိုင်းကဏ္ဍ စသည်ဖြင့်(၂)ပိုင်းရှိသည့်အတွက် ကော်ဖီပင်ပျိုးနည်း မှစတင်၍ ကော်ဖီထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်အား ကူညီပေးသွားမည်ဖြစ်ပါကြောင်းရှင်းလင်းတင်ပြပါသည်။

ထိုနောက် မြန်မာနိုင်ငံကော်ဖီအသင်း နာယက ဦးရဲမြင့်က ကော်ဖီစိုက်ပျိုးခြင်းသည် သစ်တောကဏ္ဍကိုပါ အထောက်အကူပြု သည့် Ecoforest ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းအား Sustatinable ဖြစ်စေရန် စီးပွားဖြစ်ပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း စိုက်ပျိုးတောင်သူများအား အသိပညာပေးရန်လိုအပ်ကြောင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ကော်ဖီအသင်းအဖွဲ့မှတာဝန်ရှိသူများက ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအ တွက်ဆွေးနွေးပြောကြားကြပါသည်။

အဆိုပါအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိ သူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကော်ဖီသုတေသနဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းမှတာဝန်ရှိသူများ၊ ကော်ဖီခြံလုပ်ငန်းရှင်းများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

စိုးမိုးကျော်

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm