Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ် ကျုံတောကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး


05 Dec,2023

မအူပင် ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သိုက်ကုန်းကျေးရွာအုပ်စု၊ ကျုံတောကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဒီဇင်ဘာလ၅ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ ကျုံတောကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းကို အောင်မြင်အောင်ကြိုးစားခဲ့ပြီးဖြစ်ရာ အဆိုပါလုပ်ငန်း ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရေး စည်းကမ်းတကျ အသုံးပြုကြရန် ဆွေးနွေးပြောကြားသည်။

ကျေးရွာတွင်းလမ်းအရှည် ၁၁၃၀ပေ၊ အကျယ် ခြောက်ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကို (VDP)စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀ သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၃၀သိန်း စုစုပေါင်း ငွေကျပ် ၁၈၀သိန်းဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် စက်တင်ဘာလစတုတ္ထအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျစုပေါင်းကာ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲခြင်းဖြစ်သည့် VDPစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏စွမ်းဆောင်ရည်မြှင့်တက်ခြင်း၊နည်းပညာများရရှိခြင်း၊လု်ပငန်းအပေါ်စီမံနိုင်မှုများ၊စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm