ပြည် ဒီဇင်ဘာ ၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ဇာတိမာန်လယ်ယာနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ စိုက်ဧက ၂၅၀ မှ မှော်ဘီ(၂)စပါး ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်း ၁၀၀ နှုန်းဖြင့်လည်းကောင်း၊ အုတ်ဆွဲစိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက် စိုက်ဧက ၅၀၀ မှ GW-11 မျိုးစပါး ရိတ်သိမ်းရာတွင် တစ်ဧကလျှင် ၁၀၂ ဒဿမ ၀၅ တင်းနှုန်းဖြင့်လည်းကောင်း၊ မြောင်းဆုံစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်မှ စိုက်ဧက ၄၁ ဧကတွင် GW-11 မျိုးစပါးနှင့် စိုက်ဧက ၅၀၉ ဧကတွင် ထိုင်းနှံကောက်စပါးများကို စိုက်ပျိုးခဲ့ရာ ရိတ်သိမ်းချိန်တွင် တစ်ဧကအထွက်နှုန်း ၉၃ ဒဿမ ၀၃ တင်း နှုန်းဖြင့်လည်းကောင်း အသီးသီးထွက်ရှိကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်