ချမ်းမြသာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဓနသုခငွေစုငွေချေးသမဝါယမအသင်း၏ အသင်းစုသစ်ဖွဲ့စည်းခြင်း၊ ဒါရိုက်တာအဖွဲ့နှင့်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထီးတန်းရပ်ကွက် သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသင်းစုသစ်ဖွဲ့စည်းခြင်းအခမ်းအနားတွင် သဘာပတိ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးချစ်ခင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အသစ်ဖွဲ့စည်းမည့် ဓနသုခငွေစုငွေချေး သမဝါယမအသင်း၏ ဒါရိုက်တာအဖွဲ့နှင့် အသင်းသားစာရင်းစစ်အမည်စာရင်းတို့ကို အသင်းသားတစ်ဦး က အဆိုပြုတင်သွင်း၍ အသင်းသားနှစ်ဦးက ထောက်ခံတင်ပြခဲ့ကြသည်။ ဆက်လက်ပြီး အဆိုပြု တင်သွင်းထောက်ခံခြင်းအပေါ် သဘာပတိမှ အသင်းသားများ၏ သဘောထားရယူ၍ အတည်ပြုခဲ့ ကြောင်း သိရသည်။ ဆက်လက်ပြီး ရွေးချယ်ထားသော ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်တို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြပြီးနောက် အသင်းဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက်သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အသင်းစုအသစ် ဖွဲ့စည်းခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်