Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှု အားပေးကြည့်ရှု


29 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာသို့ သွားရောက်ပြီး သစ်လွင် လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ (၅၂) ဦး၏ လယ်မြေ (၁၃၁) ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ခဲ့သော GW-11 စပါးခင်းများနှင့် ဆင်းသုခစပါးခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေး သည်။

ဆက်လက်ပြီး ရွေးစုကျေးရွာရှိ စိုက်ပျိုးရေးအသိပညာပြန့်ပွားရေးစင်တာတွင် သမဝါယမ အသင်းသားတောင်သူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်ထောင်စု ဝန်ကြီးက ကျေးလက်နေတောင်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မိသားစုဝင်ငွေ တိုးပွားရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ကာ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်စေခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ပူးပေါင်းချိတ်ဆက်ကာ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်လည်း လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြေဩဇာ၊ သွင်းအားစု၊ မျိုး၊ စက် ယာဉ်ယန္တရားများကိုလည်း ထောက်ပံ့ ပေးခဲ့ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် အထွက်နှုန်းကောင်းပြီး ဈေးကွက်သေချာသည့် မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးကြစေလိုကြောင်း၊ အထွက်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာများကို အချိုးကျကျ ရောနှောအသုံးပြုကြစေလိုကြောင်း၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး သမဝါယမအသင်းသားတောင်သူများနှင့် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm