Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်၌ အဆင့်မြင့်ဆန်စက် တန်(၂၀)ပုံပြောင်း ဆန်စက်အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ


30 Nov,2023

စဉ့်ကိုင် နိုဝင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အားပေးမြှင့်တင်ပြီး ရည်မှန်းချက်ပန်းတိုင်အတိုင်း အထွက်နှုန်းကောင်းမွန်ရေးတို့ကို ကူညီဆောင်ရွက်၍ နိုင်ငံတော်အတွက် ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့ နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ရမည် ဟူသည့် နိုင်ငံတော်ဦးတည်ချက် (၉) ရပ် ထဲမှ စီးပွားရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာရှိ မြို့နယ်သမဝါယမအသင်းပိုင် ပုလဲအမှတ် (၈) ဆန်စက်ဝန်း အတွင်း၌ ယနေ့ နံနက် (၉) နာရီခွဲက အဆင့်မြင့်ဆန်စက် တန်(၂၀)ပုံပြောင်း ဆန်စက်အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသောင်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်က စဉ့်ကိုင်မြို့နယ်သမဝါယမအသင်းစု စတင်ပေါ်ပေါက်လာပုံ အဆင့် ဆင့်နှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစိန်သောင်းက ၎င်းဆန်စက်အသစ် တစ်လုံး တည်ဆောက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဆင့်မြင့် ဆန်စက် တန် (၂၀)ပုံပြောင်း ဆန်စက်အသစ်အား မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစိန်သောင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ပရိသတ်များက အဆင့်မြင့်ဆန်စက် တန်(၂၀)ပုံပြောင်း ဆန်စက်အသစ် စတင်လည်ပတ် လုပ်ဆောင်နေသည်များကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ယင်းနောက် ထိုဆန်စက်အသစ်မှ တစ်နာရီ လည်ပတ်လျှင် ဆန်အိတ်ပိုင်း (၁၈) ပိုင်း၊ (၂၄)နာရီ လည်ပတ်ပါက ဆန်အိတ်ပေါင်း (၃၇၀) ပိုင်း ကြိတ်ခွဲနိုင်ပြီး ဆန်အိတ်တစ်ပိုင်း ကြိတ်ခွဲခ နှုန်းထားမှာ ငွေကျပ် ၁၀၀၀၀ ပေးဆောင်ရပြီး ဆန်တစ်ပိုင်းလျှင် ၁၂၀၀၀၀ နှုန်း၊ ဆန်ကွဲတစ်ပိုင်းလျှင် ၃၈၀၀၀ နှုန်း၊ ပွိုင့်ဖွဲတစ်ပိုင်းလျှင် ၁၂၀၀၀ နှုန်းနှင့် ရိုးရိုးဖွဲတစ်ပိုင်းလျှင် ၁၈၀၀၀ နှုန်းထားများဖြင့် ပြန်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး၊ ပုလဲအမှတ် (၈) ဆန်စက် တာဝန်ခံ ဦးညီညီဇော်ထံမှ သိရသည်။

ကျော်စွာ (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm