ပုသိမ် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဒီပါရုံ-မြင်းကကွင်း-တောင်တန်းကုန်းလမ်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
လိုအပ်သည်များမှာကြား
အဆိုပါ ကျောက်လမ်းခင်းခြင်းလုပ်ငန်းအား Royal Pathein ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) စဟိန်းလင်းဇော်နှင့် ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားသည်။
ဒီပါရုံ-မြင်းကကွင်း-တောင်တန်းကုန်းလမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာ၊ အိမ်ခြေ ၄၉၈ အိမ်၊ လူဦးရေ ၂၅၈၅ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်