မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အရာေတာ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ၄၀၀ဗို့ ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို (၂၆-၁၁-၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ အရာေတာ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၊ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ၄၀၀ဗို့ ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
အဆိုပါ အရာေတာ်ကျေးရွာ ကျေးရွာတွင်းလမ်း ၄၀၀ဗို့ဓါတ်အားလိုင်း အရှည်ပေ ၁၂၁၂ ပေ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်သိန်း ၆၀ ၊ ကျေးရွာနေပြည်သူ ထည့်ငွေကျပ် သုည ဒသမ ၄၁၅၄ သိန်း စုစုပေါင်းငွေကျပ် ၆၀.၄၁၅၄ သိန်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နိုင်မှုကြာင့် ကျေးရွာရှိ အိမ်ခြေ ၁၈၉ ၊ လူဦးရေ ၂၀၀၀အကျိုးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်