Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမအသင်းများ၏ မိုးစပါးစိုက်ပျိုးရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်မှုများ ကြည့်ရှုစစ်ဆေး


27 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၊ ပင်ဖြစ်ကျေးရွာသို့ သွားရောက်ကာ ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးခဲ့မှု အခြေအနေ များအား တွေ့ဆုံဆွေးနွေးသည်။ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပင်ဖြစ်ဒေသတွင် မျိုးစေ့ထုတ် မိုးစပါးစိုက်ဧက (၁၁၂) ဧကတွင် ရွှေရင်အေး၊ ရွှေအပ် စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း (၁၃၀) ထွက်ရှိမှုအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုကဲ့သို့ အထွက်နှုန်းတိုးရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားပြီး အသင်းပိုင် စပါးအခြောက်ခံစက်အား စွမ်းအားပြည့်အသုံးချနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ စွမ်းထက် ကြက်ချေးအခြေံ သဘဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိရာ အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက အရေ အတွက် တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက် ကြရေး မှာကြားကာ သဘာဝမြေဩဇာထုတ်လုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရပ်စောက်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မွန်မြတ်သော ဝန်ထမ်းဘဝကို ဂုဏ်ယူလျက် မိမိတို့ဘဝ တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေ ကျပ် သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၃၅) သိန်းတို့ဖြင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေ သော ရွာတော်ကျေးရွာသို့ သွားရောက်ပြီး ထွန်းတောက်ကြယ် နွားမွေးမြူရေးအစုအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm