Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ် ပြူကန်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


01 Apr,2022

တံတားဦးမြို့နယ် ပြူကန်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

တံတားဦး  မတ်  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ ပြူကန်ကျေးရွာအုပ်စု၊ ပြူကန်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ (SMART VILLAGE)အကောင်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည့်စောနှင့် ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်တို့သည် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ပြူကန်ကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာ သူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ကျေးလက်ဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာ များပေါ်ပေါက်လာစေရေးအတွက် ကျေးရွာအခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးပံ့ပိုးကူညီရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားရေးမြင့်မားစေရေး၊ အသင်းအဖွဲ့များခိုင်မာအားကောင်းစေရေးနှင့် နည်းပညာဖြန့်ဖြူးရေး အစရှိ သည့်ခေတ်မီစံပြကျေးရွာထူထောင်ရေးအဓိက လုပ်ငန်းစဉ်များနှင့် ဌာနဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ပေးသွားမည့်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။

စိုးမိုးကျော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm