ရေကြည် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၃ -၂၀၂၄ ) ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း လမ်းအရှည် သုညမိုင် ခြောက်ဖာလုံ ၊ အကျယ် ၁၂ ပေ၊ ဒု ခြောက်လက်မရှိ ကျောက်အမာခံလမ်းခင်းခြင်းလုပ်ငန်းကို ငွေကျပ် ၈၇ ဒသမ ၇၅၀ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေး
အဆိုပါ ကျောက်အမာခံလမ်းခင်းခြင်းဖြင့် ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၄၁၃ အိမ်၊ လူဦးရေ ၂၁၇၀ တို့အား သွားလာရေးအဆင်ပြေချောမွေ့စေရန် အကျိုးပြုသော လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၁၁ နာရီက ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ)(တာဝန်) ဒေါ်အင်ကြင်းကြူကြူက လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်