မကွေး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညောင်ပင်ကြီး-ငါးဆောင်ကျေးရွာချင်းဆက်လမ်းပေါ်၌ ကွန်ကရစ်ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ဇင်လတ်နှင့် တာဝန်ရှိသူများက ညောင်ပင်ကြီး-ငါးဆောင်ကျေးရွာချင်းဆက်လမ်းပေါ်၌ ကွန်ကရစ်ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ဇင်လတ်က ကွန်ကရစ်ရေကျော်တံတားကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ ညောင်ပင်ကြီး-ငါးဆောင်ကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၅၀၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်ပေရှိ ကွန်ကရစ်ရေကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၀ ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ယခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်၌ ကွန်ကရစ်ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကန်နှစ်ဆင့်ကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် ငါးဆောင်ကျေးရွာရှိ အိမ်ခြေ ၆၉၆ အိမ်မှ လူ ၃၁ဝ၂ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာသွားလာနိုင်ပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်